Arsenic အဆိပ်သင့်မှု ပြသနာတွေဟာ အရှေ့တောင်အာရှ ဒေသတော်တော်များ များမှာ တွေ့ရှိရလျက်ရှိပြီး အထူးသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ အဆိုးရွားဆုံး ဖြစ်ပါတယ်။ Arsenic အဆိပ်သင့်နေတဲ့ ရေတွေနဲ့ ရေရှည်ထိတွေ့မယ်ဆိုရင် အရေပြား စုတ်ပြဲပျက်စီးနိုင်ပြီး ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။
Arsenic အဆိပ်သင့်မှုကြောင့် အရေပြားပျက်စီးနေပုံ။ |
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ သောက်သုံးရေအများစုမှာ စိန်အဆိပ် လို့ ခေါ်တဲ့ Arsenic ဓာတုပစ္စည်းတွေ မြင့်မားစွာ ပါဝင်နေတယ်လို့ ဘူမိဗေဒ မြေပုံတစ်ခုက ဆိုပါတယ်။
The Swiss Federal Institute of Aquatic Science and Technology မှ ဘူမိဗေဒ ပညာရှင် Mr. Michael Berg က ဘူမိဗေဒနှင့် မြေဆီလွှာဂုဏ်သတ္တိအနေအထားကို အခြေခံ ရေးဆွဲထားသည့် အောက်တွင်ဖ်ာပြထားသည့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း Arsenic အဆိပ်သင့်မှု အခြေအနေပြ မြေပုံတစ်ခုကို သုတေသနပြု လေ့လာခဲ့ပါတယ်။
Source: Winkel et al. Nature Geosci. doi:10.1038/ngeo254 (2008) |
မြေပုံပါ ဖော်ပြချက်များအရ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံပြီးလျင် ဒုတိယ Arsenic ပါဝင်မှု အများဆုံးဒေသဖြစ်ပါတယ်။
Mr. Michael Berg ရဲ့ အဆိုအရ Arsenic ပါဝင်မှုမြင့်မားတာဟာ သက်တမ်းနု နုန်းပို့ချမှုမြင့်မားခြင်းကြောင့်ဖြစ်ပါတယ်။ သက်တမ်းနု နုန်းအနယ်အနှစ်တွေဟာ ဓါတ်ပြုမှုမြင့်မားပြီး မြေဆီလွှာထဲမှ Arsenic ဓါတ်ကို ပိုမိုထုတ်လွှတ်စေနိုင်ပါတယ်။
ဘူမိဗေပညာရှင်အများစုက အဆိုပါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ Arsenic ပါဝင်မှု မြင့်မားသည်ဆိုသော အဆိုမှ ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ၂၀၀၂ ခုနှစ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၂၅ ရွာကို လေ့လာခဲ့ရာမှာ သုတေသနပြုလုပ်ခဲ့တဲ့ ရေတွင်းအားလုံး၏ ၆၇ ရာခိုင်နှုန်းမှာ Arsenic ပါဝင်မှု မြင့်မားနေတာကို တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
Mr. Berg ရဲ့အဆိုအရ ယခုအချိန်မှာ ယခင်ထက်ပိုမိုသုတေသနပြုလုပ်သင့်ကြောင်း၊ နာဂစ်မုန်တိုင်းအပြီး မြေအောက်ရေ အခက်အခဲကြောင့် ဒေသတွင်း ပြည်သူတွေဟာ မိုးရေကိုသာ အဓိက အားထားနေရကြောင်း၊ Arsenic ဓါတ်တွေဟာ အပေါ်ယံမျက်နှာပြင်အနီးရှိ နှုန်း အနယ်အနှစ်များတွင် အဓိကပါဝင်နေသဖြင့် အထူးအလေးထားသင့်တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment