သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Jan 7, 2011

Selected Pictures of Colonial Burma

           မှတ်မှတ်ရရ လွတ်လပ်ရေးနေ့ အပြီးမှာ အင်္ဂလိပ်ကိုလိုနီအကြောင်းကို Seminar ဖတ်ဖြစ်ခဲ့တယ်။ ခေါင်းစဉ်က ကရင်တောင်ယာသမားတွေရဲ့ ဘ၀အပြောင်းအလဲ အကြောင်းလေးပါ။ ကြံကြံဖန်ဖန် ဗြိတိသျှ ကိုလိုနီအကြောင်း ကျွန်တော်ရေးထားတဲ့ စာတမ်းလေးကို အင်္ဂလိပ်မလေး တစ်ယောက်နဲ့ အတူ ဖတ်ဖြစ်တာလေ။ နိုင်ငံရေးနဲ့ပတ်သက်လာရင် အငြင်းသန်တဲ့ ကျွန်တော်လည်း စကားပြောရင် နင်တို့ ဗြိတိသျှတွေကြောင့်လို့ စိတ်ပါလက်ပါနဲ့ ပြောဖြစ်သွားတယ်။ အဲဒီမှာ သူက အဲဒီကိစ္စအတွက်သူတို့လည်း အရှက်ရနေကြပါတယ်။ သူတို့ အဘိုးအဘွားတွေလက်ထပ်က ကိစ္စတွေအတွက် တောင်းပန်ပါတယ်ဆိုပြီး လေးလေးစားစားတောင်းပန်လာတယ်။ အဲဒီမှာ ကျွန်တော်လဲ တော်တော်အားနာသွားတယ်။ ဂျာမန်တွေလဲ ဒီလိုပါပဲ။ နာဇီအကြောင်းပြောရင် သူတို့လည်း စိတ်မကောင်းကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် နာဇီသမိုင်းကို သူတို့က ကျွန်တော်တို့လောက်တောင် မသိကြဘူးဗျ။ စိတ်နာလို့ သမိုင်းတောင် မဖတ်ကြဘူးတဲ့။ ကျွန်တော့ပါမောက္ခကိုယ်တိုင်ပြောတာ။ အိုင်းစတိုင်းကို လူတိုင်း သိကြတယ်။ ဒါပေမဲ့ အိုင်းစတိုင်း ဂျာမန်လူမျိုးဆိုတာတော့ လူတိုင်းမသိကြဘူးလေ။ ဂျာမနီဆိုရင် ဟစ်တလာနဲ့ပဲ တွဲမြင်နေကြ တာပဲတဲ့။ သူတို့သမိုင်းကြောင်းက ကျွန်တော်တို့ထက်အများကြီး ဆိုးခဲ့ပါတယ်ဗျာ။ စစ်ပြီးမှ ပြန်စခဲ့ပေမဲ့ အခုဆိုအရမ်းတိုးတက်လာတယ်လို့ ဆိုရမှာပေါ့။ သယံဇာတတွေ ပေါများတယ်လို့ဆိုတဲ့ ကျွန်တော်တို့ နိုင်ငံ အခုဆို ကမ္ဘာ့အလယ်မှာ မျက်နှာတောင် ရဲရဲမဖော်ဝင့်တော့ဘူးလေ။
           ဗြိတိသျှကိုလိုနီခေတ်က ရှားပါးဓါတ်ပုံလေးတချို့ကို အောက်မှာ တင်ထားပေးပါတယ်။ တချို့ Caption တွေမှားနေရင် သိတဲ့သူပြင်ဆင်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။
မင်းတုန်းမင်းတရားကြီး
တိုင်းပြည်ကိုခွဲခွာကာနီး စိတ်ဓါတ်အရမ်းကျနေပုံပေါက်တဲ့ သီပေါမင်း

ဒုတိယ ကျူးကျော်စစ်အပြီး ရွှေတိဂုံစေတီရဲ့ ပန်းချီလေးပါ။

ကန်တော်ကြီးရှုခင်းပုံလေးပါ၊ အခုခေတ်လို အတွဲတွေ မပေါသေးဘူး။

ဗြိတိသျှခေတ်က ရန်ကုန်တရားရေးရာနဲ့ အုပ်ချုပ်မှုဆိုင်ရာ ရုံးချုပ်။

သီပေါမင်းကို မန္တလေးကနေ ခေါ်သွားတဲ့ သင်္ဘောတဲ့။

မဟာမိတ်တပ်တွေ ချီတက်လာတဲ့ ပုံလေးပါ။

Madras ကို ပထမဆုံးခြေချခဲ့တဲ့ ဗြိတိသျှစစ်သားပုံပါ။ လူကောင်အရွယ်အစားခြင်းက အဲဒီအချိန်ကတည်းက တော်တော်ကွာတာပဲလေ။

မန္တလေး နန်းတော်ထဲဝင်လာကြတဲ့ စစ်သားတွေ။

ဒီပုံကိုတော့ တော်တော်သဘောကျတယ်။ ဗြိတိသျှသင်္ဘော မန္တလေးဆိပ်ကမ်းကို ပထမဆုံး ဆိုက်ကပ်လာတုန်းကတဲ့။ စစ်အတွင်းက ဗမာတွေ တော်တော်ဆင်းဆင်းရဲရဲ နေခဲ့ရပုံပဲ။

နန်းတော်ရာရှေ့က ဗြိတိသျှစစ်သားတွေပုံကို လန်ဒန်သတင်းစာမှာဖော်ပြခဲ့တာလေးပါ။

ဒါကလည်း သီပေါမင်းနဲ့ ဆုဖုရားလတ်ကို လန်ဒန်သတင်းစာမှာဖော်ပြထားတဲ့ ပုံပါပဲ။

ဒီပုံလေးကတော့ ကျွန်တော်တို့ သမိုင်းဖတ်စာမှာပါခဲ့တယ်ထင်တယ်။ ပြင်သစ်ကိုသွားခဲ့တဲ့ မြန်မာသံတမန် အဖွဲ့ပါ။

မှန်ကျောင်းတော်ကို ဓါတ်ပုံရိုက်ယူထားတာပါ။ ၁၈၈၆ လောက်ကဖြစ်မယ်။

ရန်ကုန်မှာ ဗြိတိသျှခေတ်က ထောင်သားတွေကို အလုပ်သမားအဖြစ်ခိုင်းစေနေတဲ့ပုံပါ။

မဟာမိတ်တပ်တွေ ဂျပန်ကို မောင်းထုတ်စဉ်ကပုံပါ။ ဂျပန်ထွက်သွားတော့ အဖိုးအဖွားတွေ ဘယ်လောက်ပျော်ခဲ့ကြမလဲ မသိဘူးနော်။ အခုလို ကျွန်တော်တို့တွေ အင်္ဂလန်တို့ ဂျပန်တို့ အရူးအမူးသွားချင်နေတာသာ ကြိုသိခဲ့ရင် မျိုးဆက်တောင် ချန်ခဲ့မယ်မထင်ဘူး။

အလွန်လှတဲ့ ဆေးရောင်ချယ်ပန်းချီကားပါ။ ရန်ကုန်ကို သိမ်းပိုက်တုန်းကပုံပါ တဲ့။

ဒါကတော့ ၀မ်းနည်းစရာမြင်ကွင်းပါ။ အိန္ဒိယမှာ သီပေါမင်းမိသားစုကို ထားတဲ့ အဆောက်အဦ ပုံပါ။

သီပေါမင်းရဲ့ ကိုယ်ရံတော်တပ်ဖွဲပါ၊ ဘာပဲပြောပြော ခွန်အားခြင်းလုံးဝမမျှတာတောင် အင်္ဂလိပ်ကို ကိုလိုနီခေတ် ကုန်ကျစရိတ်အများဆုံး တိုက်ပွဲတွေဖြစ်အောင် ဖန်တီးခဲ့တဲ့ စွမ်းရည်ကို ချီးကျူးရမယ်။

သီပေါမင်းတရားကြီးရဲ့ မင်္ဂလာဖောင်တော်။


မင်းလှတိုက်ပွဲရှုခင်းတဲ့။ မြင်ရတာ စိတ်မချမ်းသာစရာပဲ။


ရန်ကုန်မန္တလေးရထားလမ်း ဖောက်ပြီးတဲ့နောက်ပါ။ ကျွန်တော်တို့လက်ထပ်မှာ နိုင်အောင်လိုက်မပြင်နိုင်တဲ့ သံလမ်းတွေပေါ့။


ဒီပုံက အင်းဝ မှာလို့ပြောတယ်။ အင်းဝ ခံတပ်မှာ ပထမဆုံး လက်နက်ချလိုက်ရတုန်းကဖြစ်မှာပါ။ (၁၈၈၅)

No comments:

Post a Comment