ကျွန်ုပ်တို့ ကမ္ဘာကြီးမှာ ရာသီဥတုပြောင်းလဲမှုပြသနာတွေ ၂၀၁၀ ခုနှစ်နောက်ပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာတာကို တွေ့ရပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း အာရှတိုက်မှာ သဘာဝ ဘေး အန္တာရယ်ကြောင့် ရွေ့ပြောင်း ကယ်ဆယ်ခဲ့ရသူပေါင်း သန်း ၃၀ ကျော်ရှိတယ်လို့ အာရှဖွံ့ဖြိုးမှုဘဏ် ADB အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လက်ရှိကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တာရယ် ဖြစ်ပေါ်မှုအနေအထားအရာ နောင်တွင် ယခုထက် ပိုမိုးဆိုးဝါးလာစေနိုင်တယ်လို့လည်း ပညာရှင်များက သတိပေးထားပါတယ်။
ပါကစ္စတန်ရေဘေးဒုက္ခသည်အချို့ မြင်ကွင်း (ဓါတ်ပုံ- Guardian) |
ရာသီဥတုပြောင်းလဲလာခြင်း climate change ဆိုတာဟာ အမှန်တော့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ မူလ အစဖြစ်တည် လာမှုကနေ့ ယနေ့အချိန်အထိ ပြန်ကြည့်မယ်ဆိုရင် သဘာဝဘေး အန္တရာယ်တွေ၊ ဆိုးရွားလှတဲ့ ရာသီဥတု အခြေအနေတွေ ကြုံတွေ့ခဲ့ကြတာ အားလုံးအသိပါပဲ။ ဒါပေမယ့် ယနေ့ခေတ် လူသားတွေရဲ့ သဘာဝပတ်ဝန်းကျင်ကို မဆင်မခြင် ညစ်ညမ်းအောင် စက်မှုလုပ်ငန်းပေါင်းစုံ တည်ထွင်အသုံးပြုလာခဲ့ကနေ သဘာဝ အတိုင်း ပြောင်းလဲနေတဲ့ ရာသီဥတု ကို သဘာဝ လွန် အလျှင်အမြန်ပြောင်းလဲလာစေခဲ့တဲ့ အတွက် ကျွန်ုပ်တို့ လက်ရှိကြုံတွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ပိုမိုများပြားလာတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြား ဖန်လုံအိမ်အာနိသင် တိုးပွားစေတဲ့ CFC, Methane, Ethane စတဲ့ ဓါတ်ငွေ့တွေကို လေထုထဲကို များစွာထုတ်လွတ်လာတာက စတင်လာတာပါပဲ။
ပင်လယ်ရေမျက်နှာပြင်အထက် ၃ ပေထက် မပိုတဲ့ Maldives ကျွန်းစွယ်များ တဖြည်းဖြည်းနစ်မြုတ်ပျောက်ကွယ်လာပုံ (ဓါတ်ပုံ- Sakis Papadopoulos/Abrams & Chronicle, The guardian) |
အခုဆိုရင် ကမ္ဘာကြီး ပိုမိုပူနွေးလာပြီး ရာသီဥတုတွေ ဖောက်ပြန်လာတာ အားလုံးလက်တွေ့ ကြုံတွေ့နေကြရပါပြီ။ အထူးသဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာ၊ ရေကြီးရေလျံမှုတွေ ဖြစ်ပေါ်လာတာ၊ တချို့နေရာတွေမှာ အလွန်းအမင်း ခြောက်သွေ့လာပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုင်လာစေတာပဲ ဖြစ်ပါတယ်။ ယခုလို ဆိုးရွားတဲ့ ပြသနာတွေ ကြုံတွေ့ရပြီဆိုရင် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် လူသားတွေဟာ ပိုမိုကောင်းမွန်တဲ့ဒေသကို ရွေ့ပြောင်းနေထိုင်မှာ မလွဲသေချာပါပဲ။ အကျိုးဆက်ကတော့ ကိုလိုနီချဲ့ထွင်လာမှုတွေ မြေယာလုယက်မှုတွေနဲ့အတူ ၁၉ ရာစု မှာ ကြုံတွေ့ခဲ့ရတဲ့ ကျူးကျော်စစ်ကြီးတွေ ပြန်လည်ဖြစ်ပေါ်မလာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။
နောက်တစ်ခုက အနုမြူစွမ်းအင် ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေက စစ်ထဲမှာပါဝင်လာရင်...။ အဆိုးမြင်တယ် ပဲပြောပြော သေချာတာကတော့ ကျွန်တော်တို့တတွေ ကမ္ဘာကြီးပေါ်မှာ ယခုလို အေးအေး ချမ်းချမ်း နေနိုင်တော့မှာ မဟုတ်ပါဘူး။
အာရှဖွံ့ဖြိုးမှုဘဏ် ADB မှ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဥက္ကဌ Mr. Robert Dobias က လက်ရှိကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲခြင်းပြသနာကြောင့် ကယ်ဆယ်ပြောင်းရွှေ့ပေးရမှုတွေဟာ ပဏာမအားဖြင့် အနည်းငယ်သာ ရှိနေသေးကြောင်းနဲ့ လက်ရှိကြုံတွေ့နေရတဲ့ သဘာဝဘေးအန္တရာယ် ပြသနာများမှာ နောင်အနာဂါတ်တွင် ပိုမိုဆိုးရွားစွာ ကြုံတွေ့နိုင်ရတဲ့အတွက် နိုင်ငံအတော်များများမှ လူသန်းပေါင်းများစွာကို ပြောင်းရွေ့ပေးရမယ့် အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။ သာဓက အားဖြင့် Maldives ကျွန်းစွယ်အချို့မှာ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် အချို့ကျွန်းစွယ်များတွင် နေထိုင်သူအားလုံးကို ရွေ့ပြောင်းခဲ့ရတာမျိုး ရှိခဲ့ပါတယ်။
ဒါကြောင့် ရာသီဥတုပြောင်းလဲလာမှုအတွက် နိုင်ငံတိုင်းမှာ အစိုးရများအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ စွမ်းအင်ထုတ်လုပ်မှု၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ရာသီဥတုပြောင်းလဲမှုကို အဓိက လိုက်လျောညီထွေဖြစ်စေမယ့် အစီအစဉ်တွေ ချမှတ် အကောင် အထည်ဖော် ဆောက်ရွက် သင့်နေပါပြီ။ ပြည်သူများအနေနဲ့လည်း ရာသီဥတုပြောင်းလည်းမှု၊ ကမ္ဘာကြီးပိုနွေးလာမှုတို့ကို ပိုမိုဆိုးရွားစေမယ့် အပြုအမူများ၊ နေထိုင်မှုစနစ်ပုံစံများကို စွန့်ပစ်ပြီး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် ကျင့်ကြံနေထိုင်ဖို့ အရေးတကြီးလိုအပ်လာပြီဖြစ်သည့်အတွက် အားလုံး တက်ညီလက်ညီနှင့် ပူးပေါင်ကာကွယ်ကြမှသာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်သာယာလှပလာပြီး လူ့သက်တမ်းတစ်လျောက် ကျန်းကျန်း မာမာ နေထိုင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment