တခါတလေ သူငယ်ချင်းတွေနဲ့ အချစ်အကြောင်း ပြောကြရင် အမြဲတမ်း အငြင်းပွားရတယ်။ အချစ်ဆိုတာ ဘယ်လို၊ အချစ်စစ်ဆိုတာ ဘာညာ နဲ့ သူတမျိုး ကိုယ်တဖုံ ငြင်းခုန် ကြတော့တာပဲ။ အခုလည်း Valentine’s Day ရောက်လာပြန်တော့ တချို့ စုံတွဲတွေက ကြိုပြီးတော့ ရင်တွေ ဘာတွေ ခုန်ကြ၊ တချို့က မြန်မာနဲ့ Valentine’s Day နဲ့ မဆိုင်ဘူး ဆိုလို့ဆို၊ တချို့က မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူး ဆိုပြီး လူငယ် စုံတွဲတွေ အတွက် ရင်လေး သူကလေး၊ တချို့က Valentine ကို အကြောင်းပြုပြီး ဈေးကွက် ရှာတဲ့ သူက ရှာကြနဲ့ ပေါ့။ ဘာပဲ ဖြစ်ဖြစ် လူအချင်းချင်း ချစ်နေကြတာ မုန်း နေကြတာ ထက် အများကြီး ကောင်းပါတယ်ဗျာ။ မဟုတ်ဘူးလား။
တခါတခါ ကျွန်တော်ကို အချစ်ဆိုတာ ဘာလဲ လို့ မေးလာရင် ဆရာစိုင်းခမ်းလိတ် သီချင်းလို “အချစ်ဆိုတာ လှို့ဝှက် ချက် တစ်ခုပါ” လို့ အဓိပ္ပါယ်ဖွင့်ပြီး မဟောသဓ ထုံး နှလုံးမူကာ “လှို့ဝှက်အပ်သည့် အရာကို လှို့ဝှက်ထား လိုက်တာ ကောင်းပါတယ်” ဆိုပြီး ပြန်မဖြေပဲ နေလိုက်တာ များပါတယ်။ တကယ်တော့လည်း အချစ်ဆိုတာ သဘာဝ တရားရဲ့ လိုအပ်ချက်အရ ပေါက်ဖွားလာတာ လို့ ဆိုနိုင်ပါ တယ်။ “လူမှန်ရင်လေ အချစ်နဲ့ မကင်းတာမို့ ” ဆိုတာထက် သက်ရှိမှန်ရင် အချစ်နဲ့ မကင်းပါဘူး။ သက်ရှိမျိုးဆက် တစ်ခု ရေရှည် ရပ်တည် နိုင်ဖို့အတွက် မျိုးဆက်ပြန့်ပွားရေး (Reproductive strategy) က အဓိက ကျပါတယ်။ အဲဒီလို ဆိုပြန်တော့ အချစ်ဆိုတာ မျိုးဆက်ပြန့်ပွားဖို့ တစ်ခုတည်း အတွက်ပဲလား ဆိုတာ မေးစရာရှိလာပါတယ်။ အဲဒီ အချက် တစ်ခုတည်း အတွက်တော့ အချစ် ဆိုတာ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ နောက် အရေးပါတဲ့ အချက် တစ်ချက်က တော့ Co-evolution လို့ ခေါ်တဲ့ အတူတကွ ရှင်သန်ဖွံ့ဖြိုးခြင်း အတွက်ပါ။ Co-ecolution အတွက် ဘ၀ လက်တွဲ ဖော် လိုအပ်ပါတယ်။
ဘ၀တလျောက် လုံး အတူ လက်တွဲ ရှင်သန် (Co-evolve) ဖြစ်ဖို့ အတွက် အချစ် ရှိဖို့ လိုအပ်တာပေါ့ဗျာ။
အချစ်ဟာ နှလုံးသားက သန္ဓေတည် ဖြစ်ပေါ်လာတာပါ လို့ ဘယ်လိုပဲ ဆိုဆို၊ သဘာဝ သိပ္ပံ အရတော့ သက်ရှိမျိုးစိတ် တစ်ခု အသက်ရှင် ရပ်တည်နိုင်မှု (Survival) နဲ့ ရေရှည် တည်တံ့နိုင်မှု (Sustainability) တို့ အတွက် သဘာဝ တရားက အလိုအလျောက် ဖန်ဆင်းထားတဲ့ လှည့်ကွက် တစ်ခုပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘ၀အတွက် လက်တွဲဖော် ရှိဖို့ အချစ် ဆိုတာ ရှိလာတာပါ။ တခါတခါ ကျွန်တော်တို့ မသိလိုက်ဘဲ ကျွန်တော်တို့ ဦးနှောက်တွေ က အချစ် ကို ထူးခြားဆန်းကျယ်တဲ့ ပဉ္စလက် သဖွယ် အလိုလို အဓိပ္ပါယ် ဖွင့်မိရက်သား ဖြစ်နေတယ် လို့တောင် ခံစားမိပါတယ်။ ခံစားချက် ဆိုတာ ဦးနှောက် ရဲ့ ဟော်မုန်း လှုံဆော် မှုကြောင့် ဆိုရင် အချစ်ရဲ့ အရသာ များ ပျက်သွားမလား စိုးရိမ်မိပါတယ်။ အနှစ်ချုပ်ရရင် အချစ်ဆိုတာ အသက်ရှင်ဖို့ လိုအပ်ချက် တစ်ခု ဖြစ်သလို၊ ကျွန်တော်တို့ လူသားတွေ အတွက် သာမက သက်ရှိတိုင်း သက်ရှိတိုင်း အတွက် လိုအပ်ချက် တစ်ခု ဖြစ်ပါတယ်။
သဘာဝ သိပ္ပံ (Natural Science) အရ သက်ရှိတွေမှာ ဘ၀တစ်လျောက်လုံး မပြောင်းမလဲ ချစ်တတ်သူများ (Monogamous species) နဲ့ လက်တွဲဖော် အတည်တကျ မထားပဲ အပြောင်းအလဲ နှင့် ချစ်တတ်သူများ (Polygamous species) ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီနေရာမှာ လူသားအစ က အာဒံနဲ့ ဧ၀ က စခဲ့တာ မဟုတ်ဘူး လို့ ယုံကြည့်မယ် ဆိုရင် ကမ္ဘာဦး အစမှာ လူတွေဟာ Polygamous ဖြစ်ခဲ့တယ် ဆိုတာ ငြင်းမယ် မထင်ပါဘူး။ အထူးသဖြင့် ခွန်အားကြီးမားတဲ့ အမျိုးသား (Dominant male) တွေမှာ လက်တွဲဖော် တစ်ဦးထက် မက ရှိခဲ့ ကြလို့လဲ “ယောင်္ကျားကောင်း မောင်းမ တစ်ထောင်” ဆိုတဲ့ စကားပုံ ပေါ်ပေါက်လာခဲ့တာပါ။ အဲဒါကို မျက်နှာများတယ် လို ယနေ့ခေတ်မှာ ဖယ်ကျဉ်ကြပေမယ့် တကယ်တော့ သဘာဝရဲ့ လိုအပ်ချက်အရ သက်ရှိမျိုးနွယ်စု တစ်ခု ရှင်သန်ရပ်တည် နိုင်ဖို့၊ ခွန်အားကြီးမားတဲ့ မျိုးကောင်းမျိုးသန့် (Strong offsprings) တွေ ပိုမို လိုအပ်တဲ့ အတွက်ကြောင့် လို့ ကျွန်တော် ဆိုချင်ပါတယ်။
ဒါပေမယ့် ယနေ့ခေတ်မှာ လူသားမျိုးနွယ် ရပ်တည် ရှင်သန်ဖို့အတွက် ခွန်အားကြီးမား နေစရာ မလိုတော့ပါဘူး။ အဲဒီအတွက်ကြောင့်လည်း ယနေ့ခေတ်မှာ မိဘုရား အပါးတစ်ရာ နဲ့ ရပ်တည်နေတဲ့ ရှင်ဘုရင်တွေလဲ မရှိတော့ပါဘူး။ အချစ်ဟာလည်း Monogamous ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ အချစ်အကြောင်း ပိုမို ဖွဲ့နွဲ့ လာကြတာ၊ အချစ်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေ ပိုမိုများလာတာ၊ လူသားတွေ ချစ်တတ်လာကြတာတွေဟာ အေးချမ်းတဲ့ လက္ခဏာ ပဲ ဖြစ်ပါတယ်။ အဲဒီ အတွက် အေးချမ်းမှုကို ဖော်ဆောင်တဲ့ ချစ်သူတွေရဲ့ အထိမ်းအမှတ် Valentine’s Day ကို ကြိုဆိုရင်း ကျွန်တော်တို့ လူသားတွေလိုပဲ မပြောင်းမလဲ တစ်သက်တာ မခွဲမခွာ ချစ်တတ်ကြတဲ့ မျိုးသုဉ်းလုနီးပါး ရှားပါး Monogamous တိရစ္ဆာန် လေးတွေနဲ့ မိတ်ဆက်ပေး လိုက်ပါတယ်။
Hoolock Gibbon (Hoolock hoolock)
Swan Goose (Anser cygnoides)
Red Wolf (Canis rufus)
French Angelfish (Pomacanthus paru)
ဘာပဲပြောပြော သင်ဟာ Valentine’s Day ကို သင့်ချစ်သူနဲ့ အတူ ဆင်နွဲမှာ ဖြစ်စေ၊ ကျွန်တော့လို အဝေး တနေရာက နေ သတိတရ ရှိနေသည် ဖြစ်စေ၊ ဒါမှမဟုတ် အတူ ဆင်နွဲဖို့ ဘ၀ကြင်ဖော် ရှာနေဆဲ ဖြစ်စေ အချစ်ကို တန်ဖိုးထား တတ်သူ တစ်ယောက် အနေနဲ့ ချစ်တတ်တဲ့ တိရစ္ဆာန်လေးတွေ ကိုလည်း ချစ်ခင် တန်ဖိုးထားပြီး ထိန်းသိမ်း သွားကြရရင် ချစ်သူတို့ရဲ့ ဘ၀တွေ အတွက် ကြည်နူးစရာ မကောင်းပေဘူးလား ဗျာ။
ရည်ညွှန်း။ ။ International Union for Conservation of Nature (IUCN)
အောက်ချင်းငှက်မျိုးလည်း အဲဒီလိုပဲဆို.. မပါဘူးလား။
ReplyDeleteThe Most Popular Casino Games | Casino Goyang - Goyang
ReplyDeleteLearn all about online slots, video slots, table games, poker, video slots, blackjack, 스포츠토토 배당률 poker, roulette, video poker 실시간배팅 and more 슬롯 가입 쿠폰 in this list 코인갤 of the 블랙 잭 게임 best gambling