၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလထုတ် HYDROLOGICAL PROCESSES ဂျာနယ် မှာပါတဲ့ Discharge and suspended sediment transport in the Ayeyarwady River, Myanmar: Centennial and decadal changes ဆိုတဲ့ သုတေသနစာတမ်း တစ်ခုပါ။ စာတမ်းရှင်များကတော့ ဆည်မြောင်းဌာနက ဦးဇော်ဝင်း နဲ့ သြစတေးလျတက္ကသိုလ် က ပညာရှင်တို့ဖြစ်ပါတယ်။
ဧရာဝတီမြစ်ရဲ့ နှစ်ပေါင်း ၁၉၆၉ - ၁၉၉၆ အတွင်း မြစ်ရေစီးမှု ပမာဏ (discharge) နဲ့ နှုန်းပို့ချမှု (sediment transport) တို့ကိုလေ့လာထားတာပါ။ [Discharge ဆိုတာ မြစ်ကို တစ်နေရာရာကနေ ကန့်လန့် (cross-section) ဖြတ်ပြီး တစ်စက္ကန့်အတွင်းမှာ ဖြတ်သန်းစီးဆင်းသွားတဲ့ ရေထုတည်ပမာဏ ကို တိုင်းတာတာဖြစ်ပြီး၊ sediment transport ဆိုတာကတော့ အဆိုပါ မြစ်ရေထဲမှာ ပါဝင်တဲ့ နှုန်းအနယ်အနှစ်တွေကို တိုင်းတာတာ ဖြစ်ပါတယ်။]
သုတေသန တွေ့ရှိချက်အရ ၁၉၆၉ - ၁၉၉၆ အတွင်း နှစ်စဉ်ပျမ်းမျှ မြစ်ရေစီးဆင်းမှုပမာဏမှာ (379 (+/-) 47 x 10^9 m3/year) ရှိပြီး၊ နှုန်းအနည်ပါဝင်မှုပမာဏမှာ (325 (+/-) 57 x 10^9 m3/year) ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုင်းတာတွေ့ရှိချက်များကို ၁၈၇၁-၁၈၇၉ ခုနှစ်များအတွင်း တိုင်းတာချက်များနှင့် နှိုင်းယှဉ်ပါက ဧရာဝတီမြစ်အတွင်း နှစ်စဉ် ရေစီးဆင်းမှုပမာဏမှာ နှစ်ပေါင်း ၁၀၀ အတွင်း လျော့နည်းကျဆင်း လာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြစ်ရေအများဆုံးစီးဆင်းသည့် သြဂုတ်လ ပျမ်းမျှစီးဆင်းမှုမှာ 1871-1879 နှစ်မှာ 96 (+/-) 13 x 10^9 m3 ရှိပြီး 1969-1996 အတွင်းမှာတော့ 79 (+/-) 11 x 10^9 m3 အထိ ကျဆင်းသွားတယ်လို့ဆိုပါတယ်။
မြစ်ရေစီးဆင်းမှုနှုန်း ကျဆင်းရတဲ့ အကြောင်းအရင်းကို တိကျသေချာစွာမသိရပေမယ့်လည်း သစ်တောပြုန်းတီးမှုနဲ့ အဓိက ဆက်စပ်နေတယ်လို့ဆိုပါတယ်။ ယခုကဲ့သို့ ယူဆရခြင်းမှာ ဧရာဝတီမြစ်အတွင်း ဆည်မြောင်းတာတမံများဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ များပြားလာခြင်းဖြစ်ပြီး၊ ယခုလေ့လာမှုမှာ ၁၉၉၆ ခုနှစ် အထိသာ လေ့လာ စာရင်းကောက် ယူခဲ့ခြင်းကြောင့် ဖြစ်တယ်လို့ ဆိုထား ပါတယ်။
Download original paper or Read on Google Document
No comments:
Post a Comment