သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Sep 9, 2011

Opium poppy monitoring with remote sensing in North Myanmar

၂၀၁၁ ခုနှစ် ဂျူလိုင်လထုတ် International Journal of Drug Policy မှာ Opium poppy monitoring with remote sensing in North Myanmar ဆိုတဲ့ စာတမ်းတစ်ခုကို ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အခြေအနေကို remote sensing technology and ground verification ကို သုံးပြီး တရုတ်က ပညာရှင်တွေ လေ့လာထားတဲ့ စာတမ်း တစ်ခုပါ။

စာတမ်းပါ တွေ့ရှိချက်တွေက မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုအခြေအနေဟာ ယခုအချိန်အထိ အများအပြား စိုက်ပျိုးလျှက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

တွေ့ရှိချက်တွေအရ ၂၀၀၅-၀၆ ခုနှစ် ဘိန်းစိုက်ရာသီမှာ ဘိန်းခင်း ၅၂ ၄၈၂ စတုရန်းကီလိုမီတာ (၁၂ ၉၆၈ ၅၃၂ ဧက ခန့် )၊ ၂၀၀၆-၀၇ ခုနှစ်မှာ ၁၇၈၂၇၄ စတုရန်း ကီလိုမီတာ (၄၄ ၀၅၂ ၂၈၈ ဧက)၊ နှင့် ၂၀၀၇-၀၈ ခုနှစ်မှာ ၃၂၆ ၃၄၂ စတုရန်း ကီလိုမီတာ တိုးမြှင့်စိုက်ပျိုးလာတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အဆိုပါ စိုက်ခင်းအသစ် စိုက်ပျိုးမှုများအပါအ၀င် စုစုပေါင်း ဘိန်းစိုက်ခင်းဧရိယာဟာ ၂၀၀၅-၀၆ ခုနှစ်မှာ ၈၉၅၉ ဟက်တာ၊ ၂၀၀၆-၀၇ ခုနှစ်မှာ ၁၈၆၀၆ ဟက်တာ နှင့် ၂၀၀၇-၀၈ ခုနှစ်မှာ ၂၂၃၀၀ ဟက်တာ ရှိတယ်လို့ အဆိုပါစာတမ်းမှာ ဖော်ပြထားပါတယ်။

စာတမ်းရှင်က ယခု တွေ့ရှိချက်ဟာ ၁၉၉၀ ပြည့်နှစ်များက စိုက်ပျိုးမှုများနှင့်   နှိုင်းယှဉ်လျှင်လျော့နည်း လာကြောင်းနှင့် ၂၀၀၇-၀၈ စိုက်ခင်းစုစုပေါင်း၏ ၈၈ ရာခိုင်နှုန်းခန့်မှာ ရှမ်းပြည်နယ်တွင် တွေ့ရှိရကြောင်း၊ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လျော့နည်းလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် အဓိက ဘိန်းစိုက်ပျိုး ထုတ်လုပ်နေသည့် နိုင်ငံတစ်ခုအနေဖြင့် ရှိနေသေးကြောင်း၊ သို့ပါ၍ နိုင်ငံတကာ အဖွဲ့အစည်းများမှ အလေးထားဖြေရှင်းစေ လိုပါကြောင်း သုံးသပ်ဖော်ပြထားပါတယ်။ စာတမ်းအပြည့်အစုံကို အောက်က လင့်ခ်များမှာ ဒေါင်းယူနိုင်ပါတယ်။ google မှာ တိုက်ရိုက်ဖတ်လို့ရအောင်လည်း တင်ထားပါတယ်။

Download full text or Read on Google

No comments:

Post a Comment