" အမြင် "
ကျွန်တော်တို့တတွေ ပြောဆိုဆွေးနွေးကြတဲ့အခါ အမြင်မတူတာတွေ ကြုံရတတ်ကြပါတယ်။ အဲဒီလို အမြင်မတူတာတွေက ပြသနာတွေ (Conflict) ရဲ့ အစပေါ့ဗျာ။ ဒီနေ့ အမြင်တွေအကြောင်း ဆွေးနွေးဖြစ်ကြရင်း သဘောကျတဲ့ ဓါတ်ပုံလေးတွေ တွေ့လို့မျှဝေတာပါ။
|
ဒီဆင်မှာ ခြေထောက်ဘယ်နှစ်ချောင်းမြင်ရပါသလဲ...။ ခြေထောက်လို့ ထင်ရတာတွေ အများကြီးပေမဲ့ တကယ်ကတော့ ၄ ချောင်းပါပဲ...။ |
|
ဒီပုံမှာရော သစ်သားတန်းထဲက လူက ဘောင်ထဲမှာလား ဘောင်အပြင်မှာလား..။ သစ်သားဘောင်တွေ ဆက်ထားတာက သေချာကြည့်ရင် လွဲနေတယ် ထင်ရပါတယ်..။ |
|
ဒါက လူတွေရဲ့ အမြင်တွေ ဘယ်လိုပြောင်းသွားတယ်ဆိုတာကို ရှင်းပြထားတာပါ။ လူတစ်ယောက်ရဲ့ အကြောင်းအရာတစ်ခုအပေါ် အမြင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံက သူ့ရဲ့ စိတ်ခံစားမှု အခြေအနေ (Psychological situation) ရယ် သူ့မှာရှိတဲ့ အခြေခံ ဗဟုသုတ (Storage in memory) တို့ကြောင့် အမျိုးမျိုးပြောင်းသွားနိုင်တယ်ဆိုတာကို ရှင်းပြထားတာပါ။
အမြင်တွေအကြောင်းပြောရင် အဆောင်က သောက်ဖော်သောက်ဖက် ကိုကြီးကျော်တို့ကို သတိရတယ်။ ကျွန်တော်တို့တတွေ ငြင်းခုံကြရင် အမြဲတမ်း မနက်စာစားပြီးမှ အိပ်ရတာများတယ်။ |
No comments:
Post a Comment