![]() |
| Feller ပါ၊ သစ်ခုတ်ဖို့ အဓိက တီထွင်ထားတာပါ၊ ရှေးအကျဆုံး သစ်ခုတ်စက်လို့ ပြောကြပါတယ်။ |
![]() |
| သူက Feller Head ကို အနီးကပ်ရိုက်ပြထားတာပါ။ |
![]() |
| သူက Mor Bell Feller လို့ခေါ်ပါတယ်။ သုံးဘီးထဲဆိုတော့ တာယာဖိုးသက်သာတာပေါ့ဗျာ ။ ဒါပေမဲ့ ဘီးရာ သုံးခုထင်တာတော့ မကောင်းဘူးပေါ့။ |
![]() |
| Processing Head လို့ခေါ်ပါတယ်။ ကိုင်းဖြတ်၊ ခေါင်ချိုး၊ ဖြတ်ပိုင်းပေး တဲ့နေရာတွေမှာ သုံးပါတယ်။ |
![]() |
| သူက Harvester ပါ၊ သစ်ပင်ကို ခုတ်တယ်။ ကိုင်းသင်တယ်။ ဖြတ်ပိုင်းပေးတယ်။ သစ်တန်ကိုပါ တစ်ခါတည်းတွက်ပေးတယ်။ |
![]() |
| ဒါက Harvester Head ကို အနီးကပ်ပြထားတာပါ။ |
![]() |
| Harvester နဲ့ သစ်ထုတ်နေပုံပါ။ |
![]() |
| Harvester Snake ပါ။ သူကတော့ တောင်တက်လမ်းတွေအတွက် အဓိက တီထွင်ထားတာပါ။ |
![]() |
| Highlander လို့ခေါ်ပါတယ်။ သူကလည်း တောင်စောင်းတွေ တက်ဖို့ပဲ။ ဘီးတွေက အသေတပ်ထားတာမဟုတ်ဘူး။ ဘေးက ပုံသေးမှာပြထားသလိုပါပဲ။ |
![]() |
| Masticator လို့ခေါ်ပါတယ်။ ကိုင်းဖျား ကိုင်းနားတွေကို အပိုင်းပိုင်းဖြတ် (chipping) လုပ်တာပါ။ တောမီးကာကွယ်ပြီးသား လို့လည်းပြောကြတယ်။ |
![]() |
| Stoke Boom Delimber လို့ခေါ်ပါတယ်။ သစ်လုံးကို ကိုင်းဖြတ်ပြီး ဖြတ်ပိုင်းပေးဖို့အတွက် သုံးကြပါတယ်။ |
![]() |
| သူကတော့ Skidder ပါ။ ကျွန်တော်တို့ဆီမှာ ဆင်တွေပဲ သုံးသေးတယ်ထင်တယ်။ |
![]() |
| လယ်ထွန်စက်ကို သစ်ဆွဲဖို့ ပြုပြင်ထားတာပါ၊ |
![]() |
| ဒါက သစ်တင်ယဉ်ပါ၊ Forwarder လို့ ခေါ်ပါတယ်။ |
![]() |
| ဒါလည်း Forwarder ပါ။ ကရိန်း တစ်ခါတည်းပါပြီးသားဆိုတော့ ပိုအဆင်ပြေတာပေါ့ဗျာ။ |
![]() |
| ဒါက လည်း သစ်ဆွဲတဲ့ Skidder ပါ။ |
| Pull Through Delimber လို့ ခေါ်ပါတယ်၊ သစ်ကိုင်းတွေ ဖျင်ဖို့ အဓိက သုံးပါတယ်။ |
![]() |
| Road Sweeper ပါ။ တံမျက်စည်း လှည်းတယ်ပေါ့ဗျာ။ သူတို့ဆီမှာက တောမီးကြောက်ရတယ်လေ။ |
![]() |
| Saw Bark လို့ ခေါ်ပါတယ်။ အခေါက်ခွာဖို့ သုံးတာပါ။ |
![]() |
| Shovel လို့ခေါ်ပါတယ်။ အဓိကကတော့ ကရိန်း ပါပဲ။ |
![]() |
| Skidder with Crane ပါ။ |
![]() |
| သူက ဘီးနှစ်ထပ်နဲ့ဆိုတော့ နွံထဲ ပိုရုန်းနိုင်တာပေါ့၊ |
![]() |
| သူကတော့ ပုံစံက ရယ်စရာပါ။ သစ်ထုတ်ရင် ကားဘီးရာတွေ က မြေဆီလွာ ပျက်တယ်ဝိုင်းပြောကြတော့ ကြံမိကြံရာ ထွင်လိုက်ကြတယ်လေ။ သိပ်တော့ သုံးလို့ အဆင်မပြေပါဘူး တဲ့။ |
![]() |
| Stump Shear ပေါ့။ သစ်ငုတ်တိုတွေကို ခွဲစိတ်ပိုင်းဖြတ်ဖို့လေ..။ |
| Tracked Feller Buncher လို့ခေါ်ပါတယ်။ သစ်လုံးတွေကို စုစည်းပေးတာပါ။ ထင်းစည်းစည်းသလိုပဲ ထင်တယ်။ |
![]() |
| Loader ပါ။ သစ်တင်ဖို့သုံးပါတယ်။ |
| Tub Grinder လို့ခေါ်ပါတယ်၊ အမှိုက်ရှင်းတာပေါ့ဗျာ..။ သူတို့ဆီမှာ ရသမျှ အကုန်သုံးတာ။ |
























No comments:
Post a Comment