မြန်မာ သင်္ကြန်သီချင်းကို ဂျာမန် မလေးတစ်ယောက်က ဆိုထားတာပါ... ၂၀၀၇ သင်္ကြန်တုန်းက ဖြစ်မယ်.... နေရာကတော့ Frankfurt မှာ...။ အဲဒီမှာ မြန်မာနိုင်ငံရေးခိုလှုံသူတွေ တော်တော်များတယ် ပြောတာပဲ....၊ ဒီနှစ် နွေရာသီတော့ သွားလည်ဖြစ်အောင် ကြိုးစားလိုက်အုံးမယ်။ သူတို့ရဲ့ ဘ၀ကို စိတ်ဝင်စားလို့ပါ။
ဆိုထားတာလေးက ရီတော့ရီရတယ်။ ကျွန်တော့ ဂျာမန်သူငယ်ချင်းတွေက မင်္ဂလာပါတောင် မနည်း ကြိုးစား ပြောနေရရှာတယ်။ ဘာပဲဖြစ်ဖြစ်လေ။ သဘာဝသယံဇာတ ပြည့်စုံခဲ့သော်လည်း အချင်းချင်း အာဏာလုနေခဲ့ကြလို့ ကမ္ဘာ့အလည်မှာ မျက်နှာငယ်နေရတဲ့နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ အတွက် သူ့ကိုတော့ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment