ဘ၀မှာ ပထမဆုံးမြင်ဘူးတဲ့ နှင်းတောထဲက သမပိုင်းသစ်တောစိုက်ခင်းတစ်ခုပါ၊ စိုက်ထားတဲ့ သစ်မျိုးက Spruce (Picea abies) ပါ။ သက်တမ်းက နှစ် ၅၀ လောက်ရှိပြီလို့ ခန့်မှန်းရတာပဲ။ |
ဒါက သူတို့ဆီက သစ်တောလမ်း တဲ့။ ကျွန်တော်တို့ဆီက လမ်းနဲ့များကွာပဗျာ။ |
ရောက်ခဲ့တယ်ဆိုတဲ့ အမှတ်တရပေါ့။ |
သစ်လုံးပုံတွေ့ရင် မနေနိုင်မထိုင်နိုင် ဓါတ်ပုံရိုက်ချင်တဲ့ အကျင့်က မပျောက်သေးဘူးလေ။ |
ဒါကတော့ သစ်လုံးတွေ စုပုံထားတာပါ။ |
ကျွန်တော့ အတန်းဖော်များ၊ သစ်တောသမားတွေဆိုပေမဲ့ တောထဲရောက်ဖူးတဲ့သူက ခပ်ရှားရှားတွေပါ။ |
မျိုးဆက်ပင်တွေတဲ့ဗျာ၊ စိုက်ထားတာတော့မဟုတ်ဘူး။ |
သစ်ဆွဲကားလို့ ခေါ်ရမှာပေါ့၊ သူတို့အခေါ် Forwarder ပေါ့ဗျာ။ သစ်တင်သစ်ချ လုပ်ဖို့ ကရိန်းပါ တစ်ခါတည်းပါပြီးသား။ ကျွန်တော်တို့ဆီမှာတော့ ဆင်တွေ သုံးနေရတုန်းပဲလေ။ |
ဒရိုင်ဘာထိုင်နဲ့နေရာပေါ့။ လေယာဉ်စက်ခန်းလားထင်ရတယ်။ |
ဒါက သစ်ပင်ကို လှဲပြီးတခါတည်း ကိုင်းသင်တယ်၊ ပြီးတော့ သင့်တော်မယ်ထင်တဲ့ ဖြတ်ပိုင်းတွေကို စက်က အလိုအလျှောက်ဖြတ်ပေးသွားတာလေ။ အုံးနှောက်မစားတော့ဘူး။ သစ်အုပ်ကြီးလဲ မလိုဘူး။ ပိုင်တယ်ဗျာ။ |
ဖြတ်ပိုင်းအလိုက် စုစုစည်းစည်းတခါတည်း ပုံလိုက်တယ်။ |
ဝါသနာပါလို့ တက်ဆော့ကြည့်တာ၊ သော့က ဘယ်မှာလည်းဆိုတော့ ပတ်စ်ဝေါ့ထ် နဲ့တဲ့။ တောသားမှန်း လူသိသွားတာပေါ့။ |
ဒါက တောသွားတဲ့ကားလေ။ ဒီလောက်ကတော့ ကျွန်တော်တို့လည်း ပရောဂျက်ရှိရင် စီးနိုင်ပါတယ်။ |
အတူတူရောက်ခဲ့ကြောင်း မှတ်တမ်းတင်ထားတာပါ။ |
No comments:
Post a Comment