သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Jan 3, 2011

10 Strange Transparent Organisms

၁ ။ ဖောက်ထွင်းမြင်နိုင်သော ဖား ( Transparent Frog )

ဒီကုန်းနေ ရေနေသတ္တ၀ါ ဖြစ်တဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ ဖားဟာ Venezuela နိုင်ငံမှာ တည်ရှိပြီး Centrolenidae (Anura)အုပ်စုဝင် ဖြစ်ပါတယ် ။ သူ့ရဲ့ သဘာဝ ကြည်လင်နေတဲ့နောက်ခံ အရောင်ဟာ အစိမ်းရောင် ဖြစ်ပါတယ်။ ဒီမျိုးစိတ်တွေရဲ့ အချို့သော အုပ်စုဝင်ဖားတွေရဲ့ ၀မ်းဗိုက်ပိုင်း အရေပြားဟာ ဖောက်ထွင်းမြင်ရပြီး အရေပြားမှတဆင့် နှလုံး ၊ အသဲ၊ အစာခြေလမ်းကြောင်းတို့ကို မြင်နိုင်ပါတယ်။
 
 ၂ ။ ဖောက်ထွင်းမြင်ရတဲ့ ငါးခေါင်း ( Transparent Head Fish )

ဒီကိုးရိုးကားယားနိုင်တဲ့ ရေနက်ပိုင်းငါးကို Barreleye (Macropinna microstoma) လို့ခေါ်ပါတယ်။ သူ့မှာ ဖောက်ထွင်းမြင်နိုင်တဲ့ဦးခေါင်းပါရှိပြီး tubular ပုံစံ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ပါတယ်။ သူရဲ့ ဦးခေါင်းမှာ အရည်တွေက အကာအရံတွေတစ်ခုသဖွယ် ပြည့်နေပြီး သူ့ရဲ့မျက်လုံးတွေက အလင်းရောင် ကို အရမ်းပဲ sensitive ဖြစ်ပြီး ကြည်လင်နေတဲ့ ဦးခေါင်းထဲမှာ မျက်လုံးတွေဟာ လည်ပတ်နိုင်ပါတယ်။ မျက်ကြည်လွှာကတော့ အစိမ်းရောင်ဖြစ်ပြီး ဦးခေါင်းထမှာ တည်ရှိပါတယ်။ မျက်လုံးတွေဟာ အပေါ်ဘက် ကို လှန်ကြည့်နိုင်ပြီး (ဖောက်ထွင်းမြင်ရတဲ့အတွက် ) အစာဘယ်နေရာမှာရှိတယ်ဆိုတာကို ကြည့်နိုင်ပါ တယ်။ အရှေ့စူးစူးကိုလည်း စူးစိုက်ပြီးကြည့်နိုင်ပါတယ် ။ ဒီငါးရဲ့ပါးစပ်ပေါ်က အစက်နှစ်စက်က မျက်လုံး မဟုတ်ပါဘူး ။ သူတို့ဟာ အနံ့ခံနိုင်တဲ့ အာရုံခံအစိတ်အပိုင်း နှာယောင်( nares ) ပဲဖြစ်ပါတယ်။ ဒါဟာ လူတွေရဲ့ နှာယောင် ( nostrils ) နဲ့လည်း ဆင်တူပါတယ် ။
 ၃။ ဖောက်ထွင်းမြင်ရတဲ့ လိပ်ပြာ

ဒီလိပ်ပြာတွေကို Central America မှာတွေ့ရှိနိုင်ပြီး Mexico နဲ့ Panama တလျှောက်မှာလည်း တွေ့နိုင် ပါတယ်။ ကြည်လင်နေတဲ့လိပ်ပြာတောင်ပံတွေ (Greta Oto) ဟာ bursh-footed လိပ်ပြာမျိုး ဖြစ်ပြီး သူတို့ရဲ့ တောင်ပံတွေဟာ ဖောက်ထွင်းမြင်နိုင်ပါတယ်။ သူတို့ရဲ့တောင်ပံတွေမှာရှိတဲ့ သွေးပြန်ကြော တွေကြားက တစ်ရှူးတွေဟာ ဖန်သားနဲ့ တူလှပါတယ်။
 ၄။ ဖောက်ထွင်းမြင်ရတဲ့ ကင်းမွန် ( Transparent Squid )

ဒီကင်းမွန်ကို Southern hemisphere's oceans မှာတွေ့နိုင်ပါတယ်။ ဒီဖန်ကင်းမွန် ဟာ Teuthowenia pellucida အုပ်စုဝင်ဖြစ်ပြီး တောက်ပတဲ့ အင်္ဂါအစိတ်အပိုင်းတွေ နဲ့ ဘောလုံးကဲ့သို့ လည်နိုင်သော မျက်လုံးတစ်စုံကိုလည်း ပိုင်ဆိုင်ပါတယ် ။ ရေနေဖြူကောင်နဲ့လည်း ဆင်တူပါတယ်။ ဒီကင်းမွန်တွေဟာ ရေနက်ပိုင်းငါးတွေ (ဥပမာ goblin shark) ရဲ့ သားကောင်ဖြစ်ပြီး ဝေလငါးတွေနဲ့ ပင်လယ်ပြင် ကျက်စားတဲ့ ငှက်ကြီးတွေရဲ့ အစာလည်းဖြစ်ပါတယ် ။
၅။ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Zebrafish )

ပင်လယ်ပြင် တလျှောက်မှာ တွေ့နိုင်တဲ့ ဒီ zebrafish တွေကို ပညာရှင်တွေက ၂၀၀၈ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ရောဂါတွေ ကင်ဆာဆဲလ်တွေ ပြန့်နှံ့ပုံကို လေ့လာဖို့ပဲ ဖြစ်ပါတယ်။ ဒီငါးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို တိုက်ရိုက်ကြည့်ရှုလေ့လာ ဖို့အတွက် Boston မှာရှိတဲ့ ကလေးဆေးရုံမှ researher တွေကို ခွင့်ပြုခဲ့ပါတယ် ။ သက်ရှိသတ္တ၀ါတွေမှာ ကင်ဆာပျံ့နှံ့ကြီးထွားပုံကို လေ့လာဖို့အတွက် ပဲဖြစ်ပါတယ်။
 ၆ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ရေခဲငါး ( Transparent icefish)

ရေခဲတမျှအေးမြနေတဲ့ Antarctica နဲ့ Southern America မှာရှိတဲ့ ပင်လယ်ပြင်တွေမှာ တွေ့မြင်နိုင် ပါတယ်။ ဒီမိချောင်းအနွယ်ဝင် ရေခဲငါးတွေဟာChannichthyidae အုပ်စုကိုပိုင်ဆိုင်ပြီး သူတို့ဟာ ပုဇွန်ဆိတ်လေးတွေ၊ copepod နဲ့ အခြားငါးတွေကို စားသုံးပါတယ် ။သူတို့ရဲ့ သွေးဟာ ကြည်လင်နေ ပါတယ်။ သူတို့မှာ သွေးနီဥ (haemoglobin) မရှိပဲ ထုတ်လုပ်တဲ ဆဲလ် (erythrocytes) အနည်းငယ်သာ ရှိပါတယ်။ ဇီဝကမ္မဖြစ်စဉ်အရဆိုရင် အောက်ဆီဂျင်ဟာ သွေးရည်ထဲမှာ ပျော်ဝင်သွားပြီး အဲဒီ အောက်ဆီဂျင်ကို အရေပြားမှ တဆင့် ရေထဲမှ တိုက်ရိုက်စုပ်ယူတယ်လို့ သိရပါတယ်။
 ၇။ ဖောက်ထွင်းမြင်ရသော ကုန်းနေရေနေသတ္တ၀ါ ( Transparent Amphipod)

သူတို့ကို Phronima လို့ခေါ်ပြီး လတ်တလောရှာဖွေတွေ့ရှိထားတဲ့ မျိုးစိတ်တွေထဲမှာ အထူးဆန်းဆုံး သတ္တ၀ါလည်းဖြစ်ပါတယ်။ ဒီကောင်တွေကို တောင်တွေဝန်းရံထားတဲ့ North Atlantic ပင်လယ်နက်ပိုင်း တွေမှာ တွေ့နိုင်ပါတယ် ။ ပုဇွန်ဆိတ်နဲ့ဆင်တူတဲ့ ဒီကောင်က သူရဲ့ အသက်ရှင်လွတ်မြောက်ဖို့ အ တွက်ကျုံ့နိုင် ဆန့်နိုင်ပြီး ရုတ်တရက်ပျောက်ကွယ် သွားအောင်လည်း ပြုလုပ်နိုင်ပါတယ် ။ သူ့လိုပဲ ပင်လယ်ရေနက်ပိုင်း အကောင်တွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက် မမြင်ရအောင်ကြည်လင်နေပြီး အန္တရာယ်တွေကနေ လွတ်မြောက်အောင်ပြု လုပ်နိုင်ပါတယ်။
 ၈။ ဖောက်ထွင်း မြင်နိုင်တဲ့ ပုဇွန်ဆိတ် ( Transparent Larval Shrimp )

Hawaii ပင်လယ်ပြင်မှာ တွေ့နိုင်ပြီး Jellyfish ကဲ့သို့ သူ့ကိုလည်း ဖောက်ထွင်းပြီးမြင်နိုင်ပါတယ် ။ ( Chris Newbert/Minden ကရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၉။ ဖောက်ထွင်းမြင်နိုင်တဲ့ ( Transparent Salp )

Jellyfish နဲ့တူတဲ့ ဒီသတ္တ၀ါကို Salps လို့ခေါ်ပါတယ် ။ သူတို့ဟာ ရေထဲမှာရှိတဲ့ အပင်ငယ် ၊ ရေမှော်ပင် ( phytoplankton-marine algae) တွေကိုစားသုံးပါတယ်။ သူတို့ဟာ ဖောက်ထွင်းမြင်ရပြီး သေနတ် ပြောင်း ပုံစံအကောင်ဟာ အရှည်အားဖြင့် ၁ မှ ၁၀ စင်တီမီတာ ထိရှိတယ်လို့ သိရပါတယ် ။ (DM က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် )

၁၀ ။ ဖောက်ထွင်းမြင်နိုင်တဲ့ ဂျယ်လီငါး ( Transparent Jellyfish )
Jellyfish တွေဟာ Phylum Cnidaria အနွယ်ဝင် ဖြစ်ပြီး သမုဒ္ဒယာ တိုင်းမှာ နက်ရှိုင်းတဲ့ပင်လယ် ပြင်တွေရဲ့ မျက်နာပြင်တွေမှာ တွေ့နိုင်ပါတယ်။ ဒီဂျယ်လီတွေဟာ ဖောက်ထွင်းမြင်နိုင်ပြီး သူတို့ကို တွေ့မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပေါ်မှာ ပြထားတဲ့အကောင်ကတော့ Arctapodema genus ဖြစ်ပြီး အရှည်ကတော့၂.၅ စင်တီမီတာ ရှည်ပါတယ်။

Credit @ APYTZ.Net

No comments:

Post a Comment