အခုတလောအင်တာနက်ပေါ်မှ သတင်းများကိုဖတ်ရသည်မှာ
စိတ်ချမ်းသာစရာ ကောင်းလှသည်။
လွတ်ငြိမ်းချမ်းသာခွင့်
(၂) ကြိမ်တိတိချီးမြှင့်သည်။ တွေ့ဆုံဆွေးနွေးရေးတွေ ပိုမိုတိုးတက်လာသည်။ သတင်းလွတ်လပ်ခွင့်များ
ယခင်ကထက် ပိုမိုခွင့်ပြုလာသည်။ ပြည်သူ့အသံကို
အလေးထားလာကာ ပြည်သူက သဘောမတူသည့် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သည်။ အဖက်ဖက်မှ ဒီမိုကရေစီဖော်ဆောင်သည့် အသွင်ဆောင်လာသည်။ နှစ်ထောင်းအားရစရာပင်။ သစ်တောသမား တစ်ယောက်အနေဖြင့် သစ်တောအုပ်ချုပ်မှုရှုထောင့်မှ ရှုမြင်မိလာသည်။
“ မိမိတို့
အမှန်ပင်
ပြောင်းလဲဖို့
လိုအပ်လာပြီလား…။ ”
သစ်တောအုပ်ချုပ်မှုကဏ္ဍမှာ
အခြားကဏ္ဍများနှင့်
မတူ။ အလွယ်တကူ ပြုပြင်ပြောင်းလဲ၍ မရ။ အခြားထုတ်ကုန် ကဏ္ဍများလို ပုဂ္ဂလိကသို့ ချက်ခြင်းလွှဲပြောင်းရန် မလွယ်ကူ။ သစ်တောအုပ်ချုပ်မှုမှာ စီးပွားရေးအကျိုးအမြတ် တစ်ခုတည်းသာ
ကြည့်ရသည်မဟုတ်။
သဘာဝပတ်ဝန်းကျင်နှင့်
ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ထည့်သွင်းစဉ်းစားရသေးသည်။ သို့ရာတွင် ပြောင်းလဲလာသည့် မူဝါဒ စနစ်၊ ပတ်ဝန်းကျင် အနေအထားနှင့် ပြည်သူတို့၏ လိုအပ်ချက်အမြင်များ
ပြောင်းလဲလာမှုနှင့် အတူ အနည်းနှင့်အများတော့ ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီဟုထင်မိသည်။
ကမ္ဘာ့နိုင်ငံအသီးသီးကို
ကြည့်လျှင် လည်း သစ်တောကဏ္ဍများတွင်
ပြောင်းလဲ မှုများ အလွန်ပင် နှေးကွေးေ ကြာင်း တွေ့ရ မည်
ဖြစ်သည်။
ထိုသို့ဖြစ်ရခြင်းမှာလည်း အကြောင်း အရင်းများစွာ ရှိသည်။ သစ်တော စီမံကိန်း ဆိုသည် မှာ
ရေရှည်ချမှတ်ရသည့်
စီမံကိန်းဖြစ် သည်။
ရင်းနှီးမြုပ်နှံ လိုက်သည့်
စီမံကိန်း တစ်ခု၏ အကျိုးရလာဒ်မှာ
အနည်းဆုံး လူ့သက်တမ်း
ထက်ဝက်ခန့်တော့
စောင့်ဆိုင်း ရမည်
ဖြစ်သည်။
ဒါ့အပြင် သစ်တောသမားဆိုသူများမှာ ရှေးရိုးဆန်ပြီး (Conservative) ခေါင်းမာလွန်းလှသည်။ သစ်တောပြုစု ပျိုးထောင်ခြင်း နှင့် ထိန်းသိမ်းရေးဆိုင်ရာ အမြင်များကိုသာ လက်ကိုင်ထားသူများ ဖြစ်သဖြင့် ပြောင်းလဲလာသည့် လူမှုစီးပွားရေးဆိုင်ရာ ပြဿနာများတွင် စိတ်ဝင်စားမှု နည်းပါးကြသည်။ ဤသည်မှာလည်း လူ့အဖွဲအစည်းနှင့်ဝေးရာ သစ်တောများထဲတွင် အချိန်များစွာကုန်လွန်ခဲ့ကြသူများ ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။
ဒါ့အပြင် သစ်တောသမားဆိုသူများမှာ ရှေးရိုးဆန်ပြီး (Conservative) ခေါင်းမာလွန်းလှသည်။ သစ်တောပြုစု ပျိုးထောင်ခြင်း နှင့် ထိန်းသိမ်းရေးဆိုင်ရာ အမြင်များကိုသာ လက်ကိုင်ထားသူများ ဖြစ်သဖြင့် ပြောင်းလဲလာသည့် လူမှုစီးပွားရေးဆိုင်ရာ ပြဿနာများတွင် စိတ်ဝင်စားမှု နည်းပါးကြသည်။ ဤသည်မှာလည်း လူ့အဖွဲအစည်းနှင့်ဝေးရာ သစ်တောများထဲတွင် အချိန်များစွာကုန်လွန်ခဲ့ကြသူများ ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်။
နောက်တစ်ချက်မှာ
ဖွံ့ဖြိုးဆဲနိုင်ငံများ၏
သစ်တောအုပ်ချုပ်မှုယန္တရားမှာ ကိုလိုနီခေတ်တွင် တည်ထောင်ခဲ့ကြသည်ဖြစ်ရာ
ကိုလိုနီအငွေ့အသက်
လွှမ်းမိုးပါဝင်နေပြီး၊
ယင်းတို့အလိုကျ သစ်တောကာကွယ်ခြင်း၊ သစ်ထုတ်ခြင်းနှင့် အခွန်တော်ကောက်ခံခြင်းကိစ္စများကိုသာ
ဦးစားပေး ဆောင်ရွက်ခဲ့ကြခြင်းများကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် သစ်တောသမားများသည် နိုင်ငံရေးဆိုင်ရာ
ကိစ္စရပ်များတွင်
စိတ်ဝင်စားမှု
နည်းပါးကြသည်။
ဥပဒေပြုရေးနှင့်
မူဝါဒချမှတ်ရေးဆိုင်ရာ
ကိစ္စများတွင်
ပါဝင်ဆောင်ရွက်မှု
နည်းပါးပြီး၊
မိမိတို့
သစ်တောပညာရပ်အပေါ်တွင်သာ မှီခိုအားထားလိုသူများ ဖြစ်ကြသည်။ ဗျူရိုကရေစီယန္တရားအောက်တွင် နှစ်ပေါင်းကြာရှည်စွာ
အသုံးတော်ခံခဲ့ကြရသည်ဖြစ်ရာ စနစ်သစ်တစ်ခု ပြောင်းလဲကျင့်သုံးရန် လက်တွန့်နေကြသည်မှာလည်း
အပြစ်တစ်ခုဟု မဆိုသာချေ။
သို့ရာတွင်
တဖြည်းဖြည်း လျော့နည်းလာသော သစ်တောဧရိယာများ၊ မအောင်မြင်သော
သစ်တောထိန်းသိမ်းမှုစနစ်များနှင့် ဒီမိုကရေစီလမ်းစဉ် ဖော်ဆောင်နေသည့် အစိုးရမူဝါဒများကြောင့် အခြေအနေတစ်ခုခုတော့ ပြောင်းလဲလာသင့်လေပြီ။
ကမ္ဘာ့နိုင်ငံအသီသီး၏ သစ်တောအုပ်ချုပ်မှုစနစ်ဆိုင်ရာ ပြောင်းလဲမှုများကို ကြည့်မည်ဆိုလျှင် အဓိကအားဖြင့် အောက်ပါ အချက်လေးချက်ဖြင့် ပြောင်းလဲလာသည်ကိုတွေ့ရမည်ဖြစ်သည်။
(က) ဗဟိုချုပ်ကိုင်မှုစနစ်
လျော့ချခြင်း
ပထမအချက်မှာ
ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချခြင်း (Decentralization) ပင်ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းဖြင့်
အောက်ခြေရှိ ဒေသခံလူမျိုးများ၏
ငုပ်လျှိုးနေသော အရည်အချင်း များ ပေါ်ထွက်လာနိုင်သည်။ နောက်တစ်ချက်မှာ
ဗဟိုချုပ်ကိုင်ခြင်းစနစ်
(Centralization) ဖြင့်
နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ခဲ့ကြသော်လည်း ထင်ရှားမြင်သာ သည့် အောင်မြင်မှုများ မဖြစ်ပေါ်ခဲ့။
အကျိုးရလာဒ်မှာ ပြန်လည်ပြုပြင်ရန် မလွယ်ကူတော့သည့် အဂတိလိုက်စားခြင်းဆိုသည့် အကျင့်ပျက်ခြစားမှု အကျင့်ဆိုးပင်ဖြစ်သည်။ ထိုအချက်အား မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး သိသာထင်ရှားသည့် တိုးတက်ပြောင်းလဲမှူများ မည်သည့်နည်းနှင့်မျှ မပေါ်ပေါက်လာနိုင်ပေ။ ဗဟိုချုပ်ကိုင်မှုစနစ်
လျော့ချခြင်း၏
အကျိုးရလာဒ်များအနေဖြင့်
အစိုးရစီမံကိန်းများတွင်
ဒေသခံပြည်သူများ၏
ပူးပေါင်းပါဝင်မှု ပိုမိုရရှိလာမည်ဖြစ်သည့်အပြင် အောက်ခြေဒေသအုပ်ချုပ်သူများ
အနေဖြင့် အထက်မှ ညွှန်ကြားချက်များ
စောင့်ဆိုင်းရခြင်းမှ
ကင်းလွတ်သွားပြီး၊
မိမိတို့
ယုံကြည်ထားသည့်အတိုင်း လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထို့အပြင် အောက်ခြေတွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများအား သေချာစွာ စုံစမ်းလေ့လာခြင်းမပြုဘဲ မိမိတို့ ထင်မြင်ယုံကြည်သည့်အတိုင်း
ညွှန်ကြားချက်များ ချမှတ်ခြင်းကြောင့် အကောင်အထည်ဖော် ဆောင်ရက် အခက်အခဲများ ကြုံတွေ့ရခြင်းမှလည်း ကင်းဝေးနိုင်မည် ဖြစ်သည်။
သို့ရာတွင် ဗဟိုချုပ်ကိုင်မှုစနစ်မှာရုတ်တရက် လျှော့ချပြောင်းလဲ၍ ရသည့်အရာမဟုတ်။ စွမ်းဆောင်ရည် မပြည့်ဝသည့် အောက်ခြေ၀န်ထမ်းများ ရှိနေပါက အခြေအနေမှာ
ယခင်ထက် ပိုမိုဆိုးရွားလာနိုင်သည်။ နောက်တစ်ချက်မှာ
အောက်ခြေတွင်
သြဇာလွမ်းမိုးနိုင်သည့်
လူတစ်စုရှိနေပါက ယင်းတို့မှ
ချယ်လှယ်ချင်သလို ချယ်လှယ်မှုကို ခံကြရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် ဗဟိုချုပ်ကိုင်မှု စနစ်အား မည်သို့လျော့ချဆောင်ရွက်သင့် သည်နည်း။ အောက်ခြေတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သူများအား စွမ်းဆောင်ရည် မြှင့်တင်ရန် လိုအပ်သည်။ ဗဟိုအစိုးရမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များတွင် ရုံးခွဲများဖွင့်လှစ်ကာ
လက်တွဲခေါ်ဆောင်ရန်လိုသည်။
(လက်ရှိတပ်မတော်အရာရှိများ သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးသို့ ထည့်သွင်း ဆောင်ရွက်စေခြင်းကဲ့သို့ပင်
ဖြစ်သည်။) ထို့အပြင် သက်ဆိုင်ရာ ခရိုင်မြို့နယ် တာဝန်ခံများအား ရှင်းလင်းပြတ်သားသည့် တာဝန်ပေးမှု (Clear roles and responsibility)
နှင့် တိကျသေချာသည့် ဥပဒေအကျိုးသက်ရောက်မှ ဖော်ဆောင်ရန် လိုအပ်ပေသည်။
(ခ) ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စေခြင်း (Community participation)
ဒုတိယအချက်မှာ
ထိန်းသိမ်းရေးလုပ်ငန်းများတွင်
ဒေသခံများ
ပူးပေါင်းပါဝင် လာစေရန်
ဆောင်ရွက်ခြင်း
ဖြစ်သည်။
ဒေသခံလူမျိုးစုများ၊
အသင်းအဖွဲ့များနှင့်
အုပ်စုများအား သစ်တောနှင့်
မြေယာပိုင်ဆိုင်မှုအချို့ကို တိကျသေချာစွာ ခွဲဝေပေးကာ အုပ်ချုပ်စေခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် အစုအဖွဲ့ပိုင်သစ်တော
(Community Forestry) များကို
၁၉၉၅ ခုနှစ် မှ စတင်ကာ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့သော်လည်း တိကျသေချာသည့်
မြေယာပိုင်ဆိုင်ခွင့်နှင့် အသုံးချခွင့်များ ချမှတ်ပေးထားခြင်း မရှိသည့်အပြင်၊ ဒေသခံများ၏ သစ်တောဦးစီးဌာနအပေါ် ယုံကြည်မှု မတည်ဆောက်နိုင်ခြင်းတို့ကြောင့် အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့။
မိမိတို့နှင့် အိမ်နီးချင်း
ထိုင်းနိုင်ငံတွင်
ဒေသအစုအဖွဲ့ (၁၂၀၀၀) ကျော်ခန့်မှာ
လွန်ခဲ့သည့် ၁၀ စုနှစ် တစ်ခုကျော်ကျော်ခန့် ကတည်းက အောင်မြင်စွာ
စီမံအုပ်ချုပ်နေခဲ့ပြီ
ဖြစ်သည်။ ထို့အပြင်နီပေါလ်နိုင်ငံမှာ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းမှာ အအောင်မြင်ဆုံးဟု
ဆိုရပေမည်။ ခိုင်မာသည့် မြေယာနှင့် အခြားပိုင်ဆိုင်ခွင့်များ သတ်မှတ်ပေးရန်မှာ အဓိကအကျဆုံး အချက်ပင်ဖြစ်ပေသည်။
(ဂ) ၀န်ထမ်းဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ခြင်း (Civil service reform)
တတိယအချက်မှာ
လက်ရှိဖွဲ့စည်းထားသော
ဝန်ထမ်း ဖွဲ့စည်းပုံနှင့်
နေရာချထားမှုများအား
ပြန်လည်ပြင်ဆင်ရန်
လိုအပ်ပေသည်။
လက်ရှိသစ်တော ဦးစီးဌာန၏
ဝန်ထမ်းဖွဲ့စည်းပုံမှာ
ပိုသည့်နေရာ ပိုလိုသည့်နေရာလို
ဖြစ်နေသည်။
ဝန်ထမ်းများ၏
လုပ်အားမှာ ရှိသင့်သည်ထက်
ထက်ဝက်ကျော်ကျော်ခန့်ပင်
မရှိဟုထင်မိသည်။ ထို့ပြင် သင့်တော်သည့် နေရာတွင် သင့်လျှော်သည့် လူရှိနေရန် အရေးကြီးသည်။ ၀န်ထမ်းနေရာ ခွဲဝေချထားရာတွင် ဘက်လိုက်မှုများလည်း ရှိမနေသင့်။ ပွင့်လင်းမြင်သာသည့် ဆုံးဖြတ်ချက်များ
ချမှတ်ဆောင်ရွက်နိုင်ဖို့
လိုအပ်ပေသည်။
နိုင်ငံတော်တော်များများ အစိုးရ၀န်ထမ်းများကို အလွန်အမင်းခန့် အပ်ထားခြင်းမရှိတော့။ အစိုးရ၀န်ထမ်းများ ထားရှိခြင်းမှာလွန်စွာ
အကုန်အကျများသည်။
ထို့အပြင်
ဝန်ထမ်းများတွင်
တက်ကြွသည့်
လုပ်ငန်းဆောင်ရွက်မှု
(Motivation) လွန်စွာနည်းပါးသည်။ လုပ်အားအနေဖြင့်လည်း
Productive ဖြစ်သင့်သလောက် မဖြစ်။
ထို့ကြောင့်
လျော့ချသင့်သည်များကို လျော့ချပြီးတိုးမြှင့် ခန့်ထားသင့်သည့် နေရာများတွင် တိုးမြှင့် ခန့်ထားဖို့ လိုအပ်သည်။ တဖက်မှလည်း လစာနှုန်ထား ပြင်ဆင်သတ်မှတ်ပေးရန်
လိုအပ်ပြီးအကျင့်ပျက် ခြစားမှုများကို ထိရောက်စွာ အရေးယူရန် လိုအပ်ပေသည်။
ဗဟိုခေါင်းဆောင်ပိုင်းမှ
စတင်၍ ကြိုးစားပြုပြင်လျှင် အောင်မြင်နိုင်မည်ဟု
ထင်သည်။
(ဃ) ပုဂ္ဂလိကပိုင် သစ်တောများအဖြစ် လွှဲပြောင်းပေးခြင်း (Privatization)
စတုတ္ထအချက်အနေဖြင့် အစိုးရလုပ်ငန်းအများစုအား
ပုဂ္ဂလိကပိုင်အဖြစ်
လွဲပြောင်းပေး အပ်ရန်ဖြစ်သည်။
ဥပမာပျိုးဥယျာဉ်
တစ်ခုအားဌာနမှ
စီမံဆောင်ရွက်နေမည့် အစား ယင်းကုန်ကျမည့် ငွေဖြင့် ပုဂ္ဂလိကကုမ္ပဏီများအား
ငှားရမ်းအသုံးပြုနိုင်သည်။
အလားတူပင်
စိုက်ခင်း ထူထောင်ခြင်း၊
သစ်ထုတ်ခြင်းများကိုလည်း ငှားရန်အသုံးပြု ပါကလေလွင့်ဆုံးရှုံးမှုများ ပိုမိုလျော့နည်း မည်ဖြစ်သည်။ သို့ရာတွင် မိမိတို့ဘက်မှ စနစ်တကျ စီမံကြီးကြပ်ရန် လိုအပ်ပေသည်။ (သစ်ထုတ်ခြင်းကိစ္စများကိုလည်းကုမ္ပဏီများအား လုံးဝ “၀”ကွက် အပ်ထားခြင်းမျိုးမဟုတ်ပဲ
သက်ဆိုင်ရာ လုပ်ငန်းတစ်ခုစီကို ကုမ္ပဏီတစ်ခုစီဖြင့် ငှားရမ်းဆောင်ရွက်ကာ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားမှုအား
အစိုးရမှ ချုပ်ကိုင်ထားရန် လိုအပ်ပေသည်။)
ဌာန၀န်ထမ်းများ ဖြင့်သာ ဆောင်ရွက်မှုကြောင့် လက်ရှိမြန်မာနိုင်ငံ၏ သစ်တောစိုက်ခင်းများ မအောင်မြင်ခြင်းမှာ သင်ခန်းစာ ယူဖွယ်ဖြစ်သည်။
တဖက်မှလည်း စစ်ဆေးကြီးကြပ်မှုများကို ဗဟိုအဆင့်မှ အောက်ခြေအထိ ဆင်းကာ ဆောင်ရွက်သင့်ပြီး၊ တွေ့ရှိချက်များကို ပွင့်လင်းမြင်သာစွာ ချပြဖို့လိုအပ်ပေသည်။ အရှေ့ ဂျာမနီရှိ သစ်တောဦးစီးဌာန၏ အင်တာနက် ၀က်ဘ်ဆိုဒ်တွင် လစဉ် ပုံမှန်စစ်ဆေး တွေ့ရှိချက်များကို ပြည်သူအများ၊ အထူးသဖြင့် သက်ဆိုင်ရာဌာနများမှ အလွယ်တကူ သိရှိနိုင်ရန် လွှင့်တင်ထားခြင်းဖြင့် စစ်ဆေးကြီးကြပ်သူများအနေဖြင့် အဂတိလိုက်စားရန် အခွင့်အလန်း အလွန်နည်းပါးနေသည်ကို တွေ့ရှိနိုင်သည်။ သစ်တောဦးစီးဌာနမှ စီမံအုပ်ချုပ်မှု ကဏ္ဍ
(Administration) အပိုင်းတွင်သာ ပါဝင်ဆောင်ရွက်ပြီး၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း (Implementation) ဆိုင်ရာကိစ္စရပ်များအား ပုဂ္ဂလိကလုပ်ငန်းရှင်များကို လွဲအပ်ထားခြင်းအားဖြင့် ဌာနဆိုင်ရာ ကုန်ကျစရိတ်နည်းပါးသလို တဖက်မှလည်း မိမိတို့လိုချင်သည့် အရည်အသွေးကို ရရှိနိုင်မည်သာ ဖြစ်လေသည်။
No comments:
Post a Comment