သစ်တောသမားတစ်ယောက်ရဲ့ ကိုယ်ပိုင်မှတ်စုလေးပါ၊ ဖတ်မိတာ၊ တွေးမိတာ၊ သဘောကျမိတာလေးတွေ ပြန်လည်ဝေမျှတာပါ...

Mar 17, 2011

Myanmar Statistical Year Book 2008

ဗဟိုစာရင်းအင်းရုံးက ထုတ်တဲ့ Myanmar Statistical Year Book 2008 ဆိုတဲ့ စာအုပ်ရဲ့ CD soft copy ပါ။ ၂၀၀၉ အတွက် ထွက်ပြီလားတော့ မသိဘူး။ ဒီစီဒီက ၂၀၁၀ တုန်းက ထွက်တာပါ။ လူတိုင်းမရောင်းဘူးဆိုလို့ အဲဒီရုံးက အသိတစ်ယောက်ဆီကို ခဲရခဲဆစ် ၀ယ်ခိုင်းခဲ့ရတယ်။ ဒေတာ ခိုင်မာမှုရှိမရှိတော့ အာမ မခံနိုင်ပေမဲ့ နိုင်ငံတော် က တရားဝင်ထုတ်ဝေတဲ့ ဒေတာဖြစ်တယ် လို့တော့ အာမခံနိုင်ပါတယ်။ စီဒီမှာပါတဲ့ ဒေတာတွေ ကို zip ဖိုင်ပြောင်းထားတာပါ။ အသုံးလိုတဲ့သူများ ရှိရင် အောက်မှာ ဒေါင်းလုတ်ယူလို့ ရပါတယ်။ (သူတို့ကတော့ copy right ရှိတယ်လို့ ပြောတာပဲ)။ သူတို့ဆီမှာ တစ်ချပ်ကို ၂၅၀၀ ကျပ် နဲ့ ရောင်းတယ်ဗျ။ ကျွန်တော်က အလကားဖြန့်သလို ဖြစ်နေမလားပဲ။
ဖိုင်ကို ဒေါင်းလုတ်ချပြီး Zip ဖိုင်ကို extract လုပ်လိုက်ပါ။ ပြီးရင် CSOCD Folder ထဲက default1 ဆိုတဲ့ Html ဖိုင်လေးကို ရှာပြီး ကလစ်လိုက်ပါ။ Webpage တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီနောက် Webpage ပေါ်မှာ ကြိုက်တဲ့နေရာကို ကလစ်လိုက်ပါ။ Data list တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ Data ကို ရှာလို့ရပါတယ်။ မှုခင်းဖြစ်ပွားမှု မှတ်တမ်းတွေအစ မိုးရေချိန် Data တွေအထိ အကျဉ်းချုပ်ဖော်ပြထားပါတယ်။

Download Here

1 comment:

  1. Sharing knowledge is the noble affairs and I express my special gratitude to your kindness and intelligence. I

    ReplyDelete