မြန်မာနိုင်ငံရဲ့ ဇီဝမျိုးစုံမျိုးကွဲ သတင်းအချက်အလက်တွေ စုစည်းထားတဲ့ စာအုပ်ပါ။ Convention on Biodiversity (CBD) ကို ပို့ရတဲ့ 4th National Report ပါ။ တချို့ စိတ်ဝင်စားတဲ့သူတွေ၊ ဒါမှမဟုတ် အကိုးအကားစာအုပ် လိုတဲ့သူတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။
Myanmar -
ဒီစာအုပ်ကို ၂၀၀၉ ခုနှစ် မတ် လ ကုန်လောက်က ထုတ်ဝေခဲ့ပါတယ်။ ထုတ်ဝေတယ်ဆိုပေမဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေခြင်းဖြစ်ပါတယ်။ ပတ်ဝင်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်က ဦးစီးပြီး ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင် တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့ ဒီစာအုပ်လေးက ကျွန်တော့ဘ၀မှာ အတွေ့အကြုံ ဗဟုသုတတွေ တော်တော်များများရရှိစေခဲ့ပါတယ်။ အဆူအဆဲခံ၊ အချီးကျူးခံ၊ အိပ်ရေးပျက်ခံပြီး ကြိုးစားခဲ့ရတာပါ။ အခုအချိန်အထိ အမှတ်ရနေသေးတယ်။ ဒီစာအုပ်ကို ဖြစ်မြောက်ရေး အဖွဲခေါင်းဆောင် က ဆရာကြီး ဦးခင်မောင်ဇော်၊ အခန်း(၁) က ဆရာဦးတင်ထွန်း၊ အခန်း(၂) က ဆရာ ဒေါက်တာ ညီညီကျော်၊ အခန်း(၃) က ဆရာဒေါက်တာဆန်းဝင်း၊ ကျွန်တော်နဲ့ မနော်က တောက်တိုမယ်ရ၊ နောက်ဆုံး အပြီးသတ်ရတာက အကိုဦးလှိုင်မင်းမောင်။ ဒီစာအုပ်လေးပြီးသွားတော့ ရလာတဲ့ အကျိုးဆက်က CBD နဲ့ ပတ်သတ်သမျှအလုပ်တွေကို ကျွန်တော့်ကို အဓိက လုပ်ခိုင်းတော့တာပါပဲ။ ဒါပေမဲ့ ဆရာကြီးတွေနဲ့ အနီးကပ် ဆောင်ရွက်ခဲ့ရလို့ ရခဲ့တဲ့ ဗဟုသုတတွေကတော့ တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။
လိုချင်လို့ Download ချင်ရင်တော့ ဒီ Link မှာ ဒေါင်းလို့ရပါတယ်။ password က nwcdfd ပါ။
No comments:
Post a Comment